BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန် USS Abraham Lincoln စစ်သင်္ဘောအုပ်စု ထိုင်းရောက်
ပတ္တယားမှာ အပန်းဖြေမယ့်စစ်သားတွေအတွက် ကန့်သတ်ချက်တချို့ အမေရိကန်ရေတပ်ဘက်က ကြေညာထားတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား
ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူအချစ် BL (Boys' Love) ၊ GL (Girls' Love) စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီဘူးဆိုပြီး စာအုပ်ထုတ်ဝေနေတဲ့ Facebook စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ်ကြေညာခဲ့ပါတယ်။
ယူကရိန်းမှာ ကျောင်းတွေဖွင့်ခါနီး ရုရှားမစ်ဆိုင်းကြောင့် စာအုပ် ၁၂ သန်း ပျက်စီးခဲ့
ယူကရိန်းက ပုံနှိပ်စက်ရုံတွေနဲ့ ဘုရားကျောင်းတွေအပေါ် လေကြောင်းတိုက်ခိုက်ခံခဲ့ရအပြီး ယူကရိန်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရုရှားက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေတာလို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။
အမေရိကန် ရက်ပ်အဆိုတော်ကို သတ်ဖို့ ကြိုးကိုင်သူကို နှစ် ၃၀ အကြာမှာ တရားရုံးအမိန့်ချ
လွန်ခဲ့တဲ့ နှစ် ၃၀ က ရက်ပ်အကျော်အမော် တူပက်ရှာကာကို ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ဒေးဗစ်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိ
ရန်ကုန်မှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိ၊ လိုဏ်ထဲ ပိတ်မိနေတဲ့ နီပေါ ရေအားလျှပ်စစ်လုပ်သား ရာချီကို ရှာဖွေဖို့ တောင်စောင်းကို ဖောက်ခွဲ ရှာဖွေချိန်မှာပဲ ရေဘေးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်လာတဲ့သတင်းအပါအ၀င် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား
ဦးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။ လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ
တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































